ဝိတ်လျှော့ ဖို့ လိုပြီလား ကိုယ်ခန္ဓာအညွှန်းကိန်းဇယား
ဝိတ်လျှော့ ဖို့ လိုပြီလား
ကိုယ်ခန္ဓာအညွှန်းကိန်း ဇယားမှာ ကြည့် ပြီး အဝလွန်နေရင်တော့ ဝိတ်လျှော့ - အဆီလျှော့ဖို့ လိုလာပြီပေါ့။
ကိုယ်ခန္ဓာအညွှန်းကိန်း BMI ဇယား
ဝခြင်း၊
အဝလွန်ခြင်းတို့ကို တိကျစွာတိုင်းတာရန်မှာ ကိုယ်တွင်းရှိအဆီများကို တိုင်းတာ ဖို့ လိုပါတယ်။
အဆီသက်သက်ကိုတိုင်းတာရန်
ခက်ခဲတဲ့ အတွက် ကျန်းမာရေးနဲ့အာဟာရပညာရှင်များက ကိုယ်အလေးချိန် နှင့်အရပ်အလိုက် ကျန်းမာရေးကို
ဒုက္ခပေးနိုင်တဲ့အခြေအနေတွေ ကို
လေ့လာတွက်ချက်ပြီး အရပ်အလိုက်ရှိ
သင့် တဲ့ ကိုယ်အလေးချိန်တွေ ကို သတ်မှတ်ပေး ထားပါ တယ်။
တကမ္ဘာလုံး စံ အဖြစ် သုံး တဲ့ ကိုယ်ခန္ဓာအညွှန်းကိန်း Body
Mass Index ဖြစ်ပါတယ်။
ကိုယ်ခန္ဓာအညွှန်းကိန်း
Body Mass Index ခေါ်
BMI ကို
ကိုယ်အလေးချိန် ကီလိုဂရမ်အား အရပ်(မီတာ)ရဲ့ နှစ်ထပ်ကိန်းနှင့်စားခြင်းဖြင့် တွက်ချက်ပြီး BMI
၂၀ မှ
၂၅ အထိ အား ပုံမှန်။ ၂၅ မှ ၃၀ အထိဖြစ်လျှင် ကျန်းမာရေးထိခိုက်နိုင်သဖြင့်
အဝလွန်ခြင်း၊ ၃၀ ဖြစ်လျှင် အဝလွန်ရောဂါဟု သတ်မှတ်ထားပါ တယ်။
Comments
Post a Comment