ဝိတ်ချဖို့ နေ့ စဉ်လှုပ်ရှားမှုနဲ့ တနိင် တပိုင် လေ့ကျင့်ခန်း

ခန္ဓာ ကိုယ်က လိုအပ် တာထက် စားတဲ့ ကယ်လိုရီ က ၃၅ဝဝ ပိုတိုင်း အဆီပိုတစ်ပေါင် တက်လာ ပါ တယ်။ လှုပ် ရှား မှုတိုင်းက ကယ်လိုရီ ကို သုံး ပါ တယ်။  


ဝလာရ ခြင်း အကြောင်းရင်း

လူတစ်ဦး ဝလာရခြင်းမှာ အစာစားခြင်းမှရသော ကယ်လိုရီ ဓါတ်များ က အသုံးပြု သည်ထက် ပို နေ ၍ ဝလာ ခြင်းဖြစ်ပါတယ်။

  • ကယ်လိုရီ ၃၅ဝဝ ပိုတိုင်း အဆီပိုတစ်ပေါင် တက်လာ ပါ တယ်။
  • ကယ်လိုရီ ကို အစာစားခြင်းမှရရှိ ပါတယ်။ 

ရရှိ တဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က နည်းနှစ် မျိုးဖြင့် အသုံးပြုပါတယ်၊   

  • အခြေခံခန္ဓာကိုယ်ဇီဝဖြစ်စဉ်အတွက် ကယ်လိုရီ
  • ကိုယ်လက်လှုပ်ရှားမှုအတွက် ကယ်လိုရီ

စားလို.ရတဲ့ ကယ်လိုရီ ထက် ပို သုံး ရင် ဝိတ်ကျမှာပါ။ ရတဲ့ ကယ်လိုရီ ထက် ၃၅၀၀ ပိုသုံးတိုင်း အဆီ တပေါင် ကျ မှာပါ                            

 
ဝိတ်လျှော့ ဖို့ မဖြစ် မနေ လုပ်ရ မှာ က -

 (၁) ကယ်လိုရီ လျှော့စား - ထမင်း၊ ဂျုံ၊ စားနေကျ ထက် လျှော့၊ ကယ်လိုရီ များတဲ့ အဆီ၊ အချို တွေ လျှော့၊ ရှောင် (လျှော့စား၊ ပိုစား စားနည်း သိချင်ရင် ဒီမှာဖတ်ပါ )

 (၂) လှုပ်ရှားမှုလည်း ပိုလုပ်၊

ရေရှည် ၀ိတ်ထိန်းနိုင် ဖို့ အတွက် (American Heart Association, the American College of Cardiology, and the Obesity Society) ပညာရှင်အဖွဲ့ တွေ က ရော ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကပါ ညွှန်ပြတဲ့ အချက် နှစ်ချက်ဖြစ်ပါတယ်

 ဒီလို‌ လုပ်ပြီး Slim Aid ကို ပါ သောက် ရင် ခံနိုင်ရည် ရှိ ပြီး ဝိတ်လဲ ပို မြန်မြန် ကျ ပါတယ်

  • ၂၀၀၅ ခုနှစ် အမေရိကန်နိုင်ငံ နယူးယောက် Mount Sinai ဆေးတက္ကသိုလ်၊ က လုပ်တဲ့ စမ်းသပ်ချက်မှာ၊ အဲဒီ နှစ်ချက် အတိုင်း လုပ်ပြီး၊ Glucomannan (Slim Aid) လဲသောက်ရင် (မသောက်တဲ့ အုပ်စုထက်) အနဲဆုံး တပါတ်ကို ၂ ပေါင် လောက် ၀ိတ်ကျစေတယ် လို့ တွေ့ ရ ပါတယ်။
        Slim Aid အကြောင်း သုတေသန တွေ ဖတ်ချင်ရင်

 လှုပ်ရှားမှု နဲ့ ကယ်လိုရီ

အစာ ကရတဲ့ ကယ်လိုရီ ကို လျှော့ချ ပြီး၊ လှုပ်ရှားမှုနဲ့ နောက်ထပ် တစ်နေ့ ၂၃၀-၂၅၀ ကယ်လိုရီ လောက် ထပ် လျှော့ချ ပေးနိုင်ပါတယ်။  




၁၂၀ ပေါင် လူတစ် ဦး အတွက်            

  • ရေကူး သာမန်နှုံး နာရီဝက်ခန့် - သို့မဟုတ်
  • မြန်မြန်လမ်းလျှောက်ခြင်း တနာရီ လောက် လုပ်ရင် 
ကယ်လိုရီ ၂၅၀ လောက် လျှော့ ချ နိုင်ပါတယ်။

လှုပ် ရှား မှုတိုင်းက ကယ်လိုရီ သုံး ပါ တယ်။ တတ်နိုင်သမျှ လှုပ်လှုပ် ရှားရှား နေရ ပါမယ်၊၊ 

ထိုင်နေတာကြာရင်၊ လမ်းထလျှောက်ပါ။

စျေးကို၊ ဆိုင် တွေ ဆီကို လမ်းလျှောက်သွားပါ။

လမ်းလျှောက်ရင်မြန်မြန် လျှောက်ပါ။

တတ်နိုင်သလောက် ဓါတ်လှေကား မစီးပဲ၊ လှေကား ရိုးရိုး က အဆင်းအတက် လုပ်ပါ။

တတ်နိုင်သလောက် အိမ်သန့်ရှင်းရေး၊ ခြံ သန့်ရှင်းရေး၊ လှုပ်လှုပ်ရှားရှား အလုပ်တွေကို ကိုယ်တိုင် လုပ်ပါ။ 

 ဒီထက် ပိုပြီး မြန်မြန်ကျဖို့ တနိုင် တပိုင် လေ.ကျင့် ခန်း

အလွယ်ဆုံးနဲ့ အိမ်မှာနေရင်း လုပ်နိုင်တာကတော့ အခု US မှ အများဆုံးလုပ် နေကြတ    SHORT-INTENSE-CARDIO ဆိုတာလေး စလုပ်ကြည့်စေချင်ပါတယ်။

 () ပထမ စက္ကန့် ၃၀ - ပုံမှန် လမ်းမှန်မှန် လျှောက်ပါ။

() ဒုတိယ ၁၅ စက္ကန့်- အမြန်ပြေးပါ (သို့မဟုတ်) အမြန်နှုန်းနှင့် ခုန်ပါ (Brisk Jog) (သို့မဟုတ်) ၁၅ စက္ကန့် မလုပ်နိုင်သေးရင်၊ မောတဲ့ အထိ လုပ်ပါ။

() ပြီးလျှင် စက္ကန့် ၃၀ ပုံမှန် ပြန်လျှောက်ပါ။

 ဒီလို သုံးခေါက်တကျော့ ကို ရှစ်‌ ကျော့ လုပ် ပါ။ စုစုပေါင်း ၁၀ မိနစ် လောက် ကြာပါ မယ်။

 နေ့တိုင်းလုပ်နိုင် ရင် ပို ကောင်းပါတယ်။ အနဲဆုံးတော့  တပါတ် သုံးကြိမ် လောက် လုပ်ရပါမယ်။

 ဒိ ကစားနည်း SHORT-INTENSE-CARDIO ကို အောက်ပါ UTUBE မှာကြည့်နိုင်ပါ တယ်။  


Gym ကစား တဲ့ သူ တွေ ဆိုရင် မကြာခဏ ဆာတတ်လို့ Slim Aid သောက်ပြီး အဆာ ထိမ်းနိုငိ ပါတယ်၊ စားရင် လဲ အဆီနဲပြီး အာဟာရကြွယ်ဝတဲ့၊ ငါးတို့ အသား ဆိုရင်လဲ အပြုတ် များများစားပါ။၊ ဟင်းသီးဟင်းရွက် သစ်သီး တွေ များများ စားသင့်ပါတယ်၊ ဆက်လက်ပြီး သွယ်လျ လှပမှုကို ထိမ်းသိမ်းနိုင်ပါစေ။

Slim Aid က အဆီ ကျအောင် ဘယ်လို လုပ် ပေးတာလဲ - ဖတ်ရန်

Slim Aid ကို ဆက် မသောက်ချင် ရင် လဲ၊ အစာ နဲ့ လှုပ်ရှားမှု မျှတ နေရင် ပိုဝမလာနိုင်ပါဘူး။

ဝိတ်မြန်မြန် ကျ ပြီး အဆီပိုမရှိ ကျစ်လစ်နေစေဖို့၊ ဗိုက်သား တင်းရင်း နေစေဖို့ လေ.ကျင့် ခန်းပိုလုပ်ချင်သူတွေအတွက် ဒီမှာ ဖတ်ပါ




 

 






Comments

Popular posts from this blog